နေပြည်တော် ၂၅ ဇူလိုင် 

 

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၄၈ ဦးရှိပြီဖြစ်ပြီး ပိုးတွေ့ရှိသူနှစ်ဦးမှာ အမေရိကန်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူ တစ်ဦးဖြစ်သည်။

 

ရောဂါပိုးတွေ့ရှိသူ ၃၄၈ ဦးအနက် သေဆုံးသူ ၆ ဦး၊ ပိုးမတွေ့ရှိတော့သူ ၂၈၈ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၆၉ ဦးနှင့် ဇူလိုင် ၂၄ ရက် မွန်းတည့် ၁၂ နာရီမှ ဇူလိုင် ၂၅ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၀ ရှိကြောင်း  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။  

 

သတင်းစဉ်