သုံးခွ ၂၆ ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးမှ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ရန် လိုအပ်သူများကို ယမန်နေ့နံနက်ပိုင်းက အဇန်းတောဇွန်းကျေးရွာအုပ်စု သဲကုန်းကျေးရွာရှိ လူဦးရေ ၈၄ ဦးတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပြီးသူများအား စိစစ်ခြင်းနှင့် အသက်(၁၈)နှစ်ပြည့်ပြီး မည်သည့်ကတ်ပြားမျှ မကိုင်ဆောင်ရသေးသူများအား ရရှိသင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်းစီမံချက်ရေးဆွဲပြီး အရှိန်အဟုန်မြှင့်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 

စည်သူလင်း (ပြန်/ဆက်)

 

mdn