ညောင်ဦး ၂၆ ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကကျဲကျေးရွာ၊ ကန်နီကြီးတဲတိုက်ရှိ အိမ်ထောင်စု (၄၃)စုတို့အတွက် ပုဂံဒေသဘုရားဈေးသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ သောက်သုံးရေ၊ အဝတ်အစား၊ စားနပ်ရိက္ခာများနှင့် ကျောင်းသုံးစာရေးကိရိယာများကို ယမန်နေ့က သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း အဖွဲ့ဝင် ဦးအောင်ခိုင်ထံမှ သိရသည်။

 

အဆိုပါ ပုဂံဒေသဘုရားဈေးသည်များ ကူညီစောင့်ရှောက်ရေးအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ ကကျဲကျေးရွာ၊ ကန်နီကြီးတဲတိုက်ရှိ အိမ်ထောင်စု (၄၃)စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်ပြည်၊ ကြက်ဉ(၅)လုံး၊ ကလေးများအတွက် ဗလာစာအုပ်၊ ခဲတံနှင့် ဘောင်းဘီတစ်ထည်စီ ထောက်ပံ့လှူဒါန်းပေးခဲ့သည်။

 

ထိုသို့ လှူဒါန်းမှုပြုရာတွင် ပြင်ဦးလွင်မြို့နေ ဒေါ်ခိုင်မိသားစုမှ သောက်သုံးရေကိုလည်းကောင်း၊ ညောင်ဦးမြို့နေ မမိုးမိုးမြင့်အောင်နှင့် သူငယ်ချင်းများမှ ဆန်နှင့် ကြက်ဥတို့ကိုလည်းကောင်း၊ ပုဂံဘုရားဈေးသည်များမှ ဗလာစာအုပ်၊ ခဲတံတို့ကိုလည်းကောင်း၊ ညောင်ဦးမြို့နေ ဒေါ်ဘုတ်ဆုံမိသားစုမှ ဘောင်းဘီတို့ကိုလည်းကောင်း အသီးသီး စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျော်မင်းဦး(ရေနံချောင်း)