ခါမ်းပါတ် ၂၆ ဇူလိုင်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရာသီစာဖြစ်သည့် တပင်ဝါးမျှစ်ဖူးများ လူကြိုက်များ ရောင်းအားသွက်လျက်ရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့ တီးတိန်ယံ ကျေးရွာမှာ သွားယူရတယ်၊ ဖောက်သည်ဈေး တစ်ထောင်ဖိုးကို ၂၅ ဖူးရတယ်၊ အမြတ်နည်းပေမယ့်လည်း ပါသမျှအကုန်ရောင်းရတာမို့ အဆင်ပြေပါတယ်”ဟု အဆိုပါ မျှစ်ဖူးများ ဖောက်သယ်ဝယ်ယူ ရောင်းချနေသူတစ်ဦးက ပြောသည်။ ကလေးမြို့ တမူးမြို့နှင့် အထက်ပိုင်း မင်းသာကျေးရွာများမှလည်း လာရောက်ဝယ်ယူသူများရှိကြောင်း ၎င်းကဆက်ပြောသည်။

 

အဆိုပါမျှစ်ဖူးပေါင်းများကို တမူး၊ ခါမ်းပါတ် ဒေသခံများအနေဖြင့် နှစ်ခြိုက်မက်မောစွာ စားသောက်တတ်ကြပြီး အဝေးရောက်ဒေသခံများအနေဖြင့်လည်း မျှစ်ပေါ်ချိန်တွင် တခုတ်တရ မှာယူစားသောက်တတ်ကြကြောင်း သိရှိရသည်။

 

သားငယ်(ပြန်/ဆက်)

 

mdn