မယ်စဲ့ ၂၆ ဇူလိုင်

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆဋ္ဌမအကြိမ် မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးခြင်းကို ဇူလိုင် ၂၆ ရက်က နမ့်မန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ဘောလခဲခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစံမြက အဖွင့်အမှာစကားပြေကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက မြစိမ်းရောင်ချေးငွေ ပြန်လည်ထုတ်ချေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် မြို့နယ်မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များနှင့် ကျေးရွာကော်မတီဝင်များက နမ့်မန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ (၆၂)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၇)ဦး၊ ရောင်းဝယ်ရေးလုပ်ကိုင်သူ (၅)ဦး စုစုပေါင်း (၇၄)ဦးအား ငွေကျပ် သိန်း(၄၆၀)ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

စိုင်းလျှမ်း(ပြန်/ဆက်)