လားရှိုး       ၂၆   ဇူလိုင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေ ဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ဇူလိုင် ၂၆ ရက် နေ့တွင် နေရပ်ပြန်ပြည်သူအမျိုးသား  (၇၅)ဦး အမျိုးသမီး(၃၆)ဦး စုစုပေါင်း (၁၁၁)ဦးတို့အား လွှဲပြောင်း ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။           အဆိုပါ နေရပ်ပြန်ပြည်သူ (၁၁၁)ဦး တို့တွင် ကချင်ပြည်နယ်မှ()ဦး ချင်းပြည်နယ်မှ()ဦး စစ်ကိုင်းတိုင်း ဒေသကြီးမှ (၂၄)ဦး ပဲခူးတိုင်းဒေသကြီးမှ (၁၁)ဦး မွန်ပြည်နယ်မှ()ဦး မကွေးတိုင်း ဒေသကြီးမှ (၂၅)ဦး၊  မန္တလေးတိုင်း ဒေသကြီးမှ()ဦး နေပြည်တော်မှ ()ဦး၊ ရခိုင်ပြည်နယ်မှ(၁၁)ဦး ရန်ကုန်တိုင်းဒေသကြီးမှ (၁၁)ဦး ဧရာဝတီတိုင်းဒေသကြီးမှ (၁၁)ဦး တို့ဖြစ်ကြသည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျ စိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေလ()ရက်နေ့မှ  ဇူလိုင်လ(၂၆)ရက်နေ့အထိ နေရပ်ပြန် ပြည်သူအမျိုးသား  (၈၃၄၁)ဦး အမျိုးသမီး(၅၂၄၂)ဦး စုစုပေါင်း (၁၃၅၈၃)ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး