နေပြည်တော်  ၂၆  ဇူလိုင် 

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ် ရိက္ခာထောက့်ပံရေးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံကိန်းနှင့်ဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်နှင့် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ကမ္ဘောဇဘဏ် (အထက်မြန်မာပြည်) တာဝန်ခံ အုပ်ချုပ်မှုဒါရိုက်တာ ဦးတင်ထွန်းနှင့် ရှမ်းပြည်နယ်ပြည်သူ လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီမှ တာဝန်ရှိသူများ၊ ပရဟိတ အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းတွင် မကွေး တိုင်းဒေသကြီး၊ ရေနံချောင်းမြိုနယ်ရုံးဆိပ်ကြီးကျေးရွာတွင် ကျင်းပသည့် ရေနံချောင်းနှင့် ချောက်မြို့နယ် ကျေးရွာများရှိ အခြေခံပြည်သူများအား စားနပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်၍ စားနပ်ရိက္ခာထုပ်များ ပြည်သူ့လက်ဝယ် ပေးအပ်လှူဒါန်းသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီး၊ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီ နာယက ဦးစိုးညွှန့်လွင်က လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကမ္ဘောဇဘဏ်(အထက်မြန်မာပြည်) တာဝန်ခံအုပ်ချုပ်မှူဒါရိုက်တာ ဦးတင်ထွန်းနှင့်အဖွဲ့က ရေနံချောင်းမြို့ နယ်ရုံးဆိပ်ကျေးရွာ အတွက် ရန်ပုံငွေ ကျပ်(၁၀ )သိန်းနှင့် ရွှေရောင်လက်များ ပရဟိတအဖွဲ့သို့ အလှူငွေကျပ်(၁၀) သိန်းတို့ကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုနှင့် ရုံးဆိပ်ကျေးရွာ ဆရာတော် ဦးဝေပုလ္လ တို့ထံသို့လည်းကောင်း၊  ယင်းနောက် ရေနံချောင်း မြို့နယ်ရုံးဆိပ် ကျေးရွာ၊ ကြီးမြင်‌ (တောင်)ကျေးရွာ၊ ကြီးမြင်(မြောက်)ကျေးရွာ၊စိန်ပန်းပင်ရွာ များရှိအခြေခံ ပြည်သူ(၃၀၀)အား စားနပ်ရိက္ခာထုပ်များနှင့် တစ်ဦးလျှင် ငွေကျပ် (၁၀၀၀၀) စီဖြင့် ငွေကျပ် သိန်း(၃၀)ကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။

ထို့အပြင် အဆိုပါဒေသရှိ တောင်သူလယ်သမားဦးကြီးများ၏ ခိုင်းနွားများအတွက် လိုအပ်လျက်ရှိသည့်အစာများဝယ်ယူပို့ဆောင်ရန်အတွက် ရေနံချောင်းမြို့နယ်ရှိ ရုံးဆိပ် ကျေးရွာတွင်ငွေကျပ်သိန်း (၁၀၀) ပဲ၊ နှမ်းဖတ်၊ ဖွဲနုများဝယ်ယူရန်အတွက် ငွေကျပ် (,၅၁၀၀၀၀) ကောင်းမွန်ကုမ္ပဏီက ကာလတန်ဖိုးခန့်မှန်းခြေ ငွေကျပ်သိန်း(၅၀) တန်ဖိုးရှိ နေဗီယာမြက်ဧက(၂၀)တို့အား ပေးအပ်လှူဒါန်းသည်။

အဆိုပါ တောင်သူကြီးများ မွေးမြူထားသည့် ခိုင်းနွား အစာများ လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြိုနယ်နှင့် ချောက်မြို့နယ် ကျေးရွာများသည် ရာသီဥတုပြောင်းလဲဖြစ်စဉ်ကြောင့် မိုးခေါင်နေသည့် အတွက် တောင်သူလယ်သမားဦးကြီးများ၏ ခိုင်းနွားများ အစာရေစာလိုအပ်မှုနှင့် ရင်ဆိုင် ကြုံတွေ့နေရကြောင်း သိရသဖြင့် ကော်မတီက အခုလိုသွားရောက်ကူညီ၍ ထောက်ပံ့လှူ ဒါန်းပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ရှမ်းပြည်နယ် ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်းပေါင်း (၁၅၀၀၀) လှူဒါန်းထားရှိသည့် ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ကုသ ထိန်းချုပ်ရေးလုပ်ငန်းများ အတွက် မြန်မာနိုင်ငံတွင် ကူးစက်မြန်ရောဂါ မဖြစ်ပွားမီကာလ ဖေဖေါ်ဝါရီ ၂၆ ရက်မှ စတင်ကာ ယနေ့အချိန်ထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကျပ် သိန်ပေါင်း (,၈၂၉၇) သိန်း (ငွေကျပ်သိန်းပေါင်း ငါးသောင်း ရှစ်ထောင် နှစ်ရာ ကိုးဆယ့် ခုနှစ်) လှူဒါန်းထားရှိပြီးဖြစ်သည့်အပြင် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား ပေါင်းစုံနေထိုင်ရာ ဒေသများသာမက အခြားပြည်နယ်နှင့်တိုင်း အသီးသီးရှိ လိုအပ်သည့်နေရာများသို့ စားနပ် ရိက္ခာများ ဆက်လက်ထောက်ပံ့လှူဒါန်းလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးအတွက် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား စောင့်ကြည့်ရေး စခန်းများ၊ တိုက်နယ်ဆေးရုံများ၊ ကျေးလက်ဆေးပေးခန်းများသို့ ကာကွယ်ရေး ထောက်အကူပြု ပစ္စည်းများကို နေရာအရောက် စဉ်ဆက်မပြတ် ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ယင်း ကော်မတီမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)

 

received_2772421183004615