မြဝတီ ၂၆ ဇူလိုင်
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ တောင်သူများအား ပျိုးသက်နု ကောက်ကွက်ကျဲ (SRI) နည်းစနစ်ဖြင့် လက်တွေ့ စိုက်ပျိုးပြသခြင်းကို ဖလူးကြီးကျေးရွာရှိ တောင်သူ ဦးစောတပေါ်ကျေးရှိ လယ်မြေဧက ၅၀ တွင် ဇူလိုင် ၂၄ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လက်တွေ့စိုက်ပျိုးပြသရာမှာ မြဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်စောရီနှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသန်းရွှေတို့က စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် မျိုးစေ့ထုတ် တောင်သူများအတွက် တစ်ဧကကို လင်းနို့ဂူ မြေသြဇာအိတ်ကြီး ၂ အိတ်နှုန်းဖြင့် ဧက ၇၀ အတွက် အိတ် ၁၄၀၊ အကျိုးဆောင်တောင်သူများအတွက် ၂၁၀ အိတ် စုစုပေါင်း ၃၅၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


