ကျောက်တံခါး  ၂၆  ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ယနေ့ နံနက် ၁ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်ခဲ့သဖြင့် လူနေအိမ်၊ စာသင်ကျောင်း၊ ဆေးပေးခန်းနှင့် ဘုန်းကြီးကျောင်းများ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာအုပ်စုတွင် အမိုးလန်နေအိမ် (၁၅) လုံး၊ ပြိုလဲနေအိမ် (၇) လုံး၊ သစ်ပင်ပိနေအိမ် အလုံး (၂၀)၊ ကျေးလက်ဆေးပေးခန်း (၁) ခု၊ စာသင်ကျောင်း (၁) ကျောင်း၊ တောင်ပေါ်စုကျေးရွာအုပ်စုတွင် စာသင်ကျောင်း (၁) ကျောင်း၊ ဂွေးကုန်းကျေးရွာအုပ်စုတွင် အမိုးလန်နေအိမ် (၁) လုံး၊ ပြိုလဲနေအိမ် (၁) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်း၊ ဝိုင်းကြီးကျေးရွာအုပ်စုတွင် သစ်ပင်ပိနေအိမ် (၁) လုံး၊ ကင်းရွာအုပ်စုတွင် အမိုးလန်နေအိမ် (၇) လုံး၊ သစ်ပင်ပိနေအိမ် (၅) လုံး၊ ဆီဆုံကုန်း ကျေးရွာအုပ်စုတွင် အမိုးလန်နေအိမ် (၁) လုံး၊ သစ်ပင်ပိနေအိမ် (၁) လုံး၊ ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် စာသင်ကျောင်း (၁) ကျောင်း စုစုပေါင်း နေအိမ် (၅၉) လုံး၊ ဆေးပေးခန်း (၁) ခု၊ စာသင်ကျောင်း (၃) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂) ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ လေဘေးသင့်ကျေးရွာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ကွင်းဆင်း စစ်ဆေးကာ ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူ၍ လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ရရှိနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ခင်ကို(ကျောက်တံခါး)