မြဝတီ ၂၆ ဇူလိုင်
ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၅၂၀ သည် မြဝတီအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ယနေ့ ဆက်လက် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်း၊ ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူ များက ကြိုဆိုခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှုနှင့် အခြားသော လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြန်လည်ဝင်ရောက်လာသူများ အနေဖြင့် မေ ၁ ရက်မှ မေ ၃၁ ရက်အထိ ၁၁၆၈၀ ဦး၊ ဇွန် ၁ ရက်မှ ဇွန် ၃၀ ရက်အထိ ၂၅၃၃၈ ဦး၊ ဇူလိုင် ၁ ရက်မှ ယနေ့ ဇူလိုင် ၂၆ ရက်နေ့အထိ ၁၆၇၇၈ ဦး စုစုပေါင်း ၅၃၇၉၆ ဦးတို့ ပြန်လည်ဝင် ရောက်ခဲ့ပြီး ဖြစ်သည်။
ယနေ့ ပြန်လည်ဝင်ရောက်သူများမှာ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၂၉၇ ဦး၊ အမျိုးသမီး ၂၂၃ ဦး စုစုပေါင်း ၅၂၀ ဖြစ်ပြီး သက်ဆိုင်ရာ အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိန်လင်းအောင်(ပြန်/ဆက်)


