ရန်ကုန်   ၂၆  ဇူလိုင်

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်း၊ ဝန်အားမနိုင်နင်းတော့သည့် (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများ လဲလှယ်ခြင်း၊ လိုင်းကြိုးနှင့်မလွတ်သည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဇူလိုင် ၂၇ ရက်တွင် ဆောင်ရွက်မည်ဖြစ်သဖြင့် မြောက်ဉက္ကလာပ၊ ရန်ကင်း၊ ပုဇွန်တောင်၊ သဃင်္နးကျွန်း၊ လမ်းမတော်၊ အလုံ၊ ဗဟန်း၊ ကော့မှူး၊ သုံးခွ၊ တံတား၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာမြို့များရှိ ရပ်ကွက်အချို့တို့တွင် အချိန်ပိုင်းဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းများဆောင်ရွက်ခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ခြင်းဖြစ်ပြီး ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှု အပေါ် နားလည်ခွင့်လွှတ်ပေးနိုင်ပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ  ပြည်သူများထံ အသိပေး ပန်ကြားထားကြောင်း သိရသည်။

MDN