ပဲခူး ၂၇ ဇူလိုင်
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စုနှင့် နေပူကုန်းကျေးရွာအုပ်စုတို့ ဆက်သွယ်သည့် ကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်အပိုင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့်အတူ တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်၊ တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ ဌာနဆိုင်ရာများလိုက်ပါပြီး တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စုနှင့် နေပူကုန်းကျေးရွာအုပ်စုတို့ ဆက်သွယ်ထားပြီး ရန်ကုန်-မန္တလေး ကားလမ်ဟောင်းမှ အမြန်လမ်းသို့ တိုက်ရိုက်ပေါက်သော ကျွန်းကုန်း-နေပူကုန်းလမ်း ကွန်ကရစ်ခင်းပြီး (၁)မိုင်(၄)ဖာလုံနှင့် ခင်းရန်ကျန်ရှိသည့် (၁)မိုင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါလမ်းသည် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၉-၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် အရှည် (၁)မိုင်(၄)ဖာလုံကို ကွန်ကရစ်လမ်းအဖြစ် ခင်းပေးခဲ့ပြီး ကျန်ရှိနေသည့် (၁)မိုင်အား ဆက်လက်ဆောင်ရွက်နိုင်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ထည့်သွင်းလျာထားပြီးဖြစ်ကြောင်း သိရှိရသည်။
တင်စိုး(ပဲခူး)


