၂၇ ဇူလိုင်
အီတလီနိုင်ငံ တောင်ပိုင်းရှိ ဆာလာနိုမြို့တွင် လုပ်ငန်းသုံးခုနဲ့ ဆက်စပ်နေသူတွေဟာ မျက်နှာဖုံး မဝတ်ဆင်ခဲ့ရင် ဒဏ်ငွေ ၁,ဝ၀ဝ ပေးဆောင်ရမယ်လို့ တနင်္ဂနွေနေ့က အမိန့်ထုတ်ပြန်ထားကြောင်း ဒေသတွင်း သတင်းတွေရ သိရပါတယ်။
လုပ်ငန်းသုံးခုနဲ့ ဆက်စပ်လုပ်ငန်းတွေ ဖြစ်တဲ့ ဘားလုပ်ငန်း၊ အလှပြင်လုပ်ငန်း၊ စားသောက်ဆိုင်၊ ဈေးဆိုင်နဲ့ အများသုံး သယ်ယူပို့ဆောင်ရေး ယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်ရမှာဖြစ်ပြီး မဝတ်ဆင်ခဲ့ရင် ဒဏ်ငွေ ၁,ဝ၀ဝ ယူရို (အမေရိကန်ဒေါ်လာ ၁,၁၆၆) ပေးဆောင်ရမှာလို့ သိရပါတယ်။
အများသုံး ယာဉ်တွေပေါ်မှာ မျက်နှာဖုံး ဝတ်ဆင်မထားသူကို ယာဉ်မောင်းက ယာဉ်ပေါ်မတက်ရန် ငြင်းဆန်နိုင်ကြောင်း သိရပါတယ်။ ယာဉ်ပေါ်ရောက်ရှိပြီး မျက်နှာဖုံး မဝတ်ဆင်ပါက ချက်ချင်းဆင်သွားရန် ပြောနိုင်ကြောင်း၊ တကယ်လို့ ငြင်းဆန်ခဲ့ရင် ရဲတပ်ဖွဲ့ကို ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း သိရပါတယ်။
ဆိုင်တွေနဲ့ စားသောက်ဆိုင် လုပ်ငန်းတွေမှာ မျက်နှာဖုံး မဝတ်ဆင်ပါက ယူရိုငွေ ၁,ဝ၀ဝ အပြင် လုပ်ငန်းဟာ ၅ ရက်နေ ရက် ၃၀ အထိ ပိတ်ခံနိုင်ကြောင်း အမိန့်ထုတ်ပြန်ထားပါတယ်။
အီတလီနိုင်ငံဟာ ဉရောပတွင် ဗိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံးဖြစ်တဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂၄၆,၁၁၈ ရှိပြီး သေဆုံးသူ ၃၅,၁၀၇ ဦးရှိကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP
