နေပြည်တော် ၂၇  ဇူလိုင်

 

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ (JCC) ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် International IDEA- Myanmar ၏ Head of Mission, Mr. Mark McDowell နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ လက်ခံတွေ့ဆုံသည်။

           

တွေ့ဆုံစဉ် International IDEA အနေဖြင့် မြန်မာလွှတ်တော်များ ပိုမိုတိုးတက် မြင့်မားရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးဆိုင်ရာ အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားနိုင်ရေး ၊ JCC နှင့် IDEA တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး ဆောင်ရွက် သွားနိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၁ ခုနှစ်တွင် အသစ်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များအား လွှတ်တော်လုပ်ငန်းစဉ်များ အသိပညာပေးရေး လုပ်ငန်းများတွင် ထိရောက်သော ပံ့ပိုးကူညီပေးနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

 

တွေ့ဆုံပွဲသို့ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီဒုတိယဥက္ကဋ္ဌ (၁) ဦးအောင်မင်း၊ အတွင်းရေးမှူး ဦးခင်မောင်သန်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

(သတင်းစဉ်)

 

mdn