နေပြည်တော် ၂၇ ဇူလိုင်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇူလိုင် ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်ကျေးရွာအနီး၊ လားရှိုး - မူဆယ်သွား ကားလမ်း၊ အိုရီယမ်တယ်တိုးဂိတ် အနီးတွင် ဇော်ဝင်းမိုး (ခ) လုံးပီး မောင်းနှင်ပြီး မနန်းစီ နှင့် အိုက်မစ်တို့ လိုက်ပါလာသည့် Mark II အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ငွေကျပ် ၁,၀၁၆ သိန်းတန်ဖိုးရှိ ဘိန်းစိမ်း ၈၄ ကီလို၊ ဘိန်းဖြူ သုည ဒသမ ၈၈ ကီလိုနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို လည်းကောင်း။
အလားတူ ဇူလိုင် ၂၅ ရက် ည ၇ နာရီတွင် တာချီလိတ်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ခတ္တာလမ်းတွင် လီမြာ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၄,၀၀၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။
သတင်းစဉ်