ကန်ပိုက်တီ ၂၇ ဇူလိုင်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့တွင် ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် (၂၈၇၁)ဦးတို့၏ အမည်စာရင်းများအား ဇူလိုင် ၂၅ ရက် နံနက် ၉ နာရီမှစ၍ ရပ်ကွက်၊ ကျေးရွာအလိုက် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ကန်ပိုက်တည်မြို့၌ မဲရုံပေါင်း (၆)ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ကျား (၁၄၈၈)ဦး၊ မ (၁၃၈၃)ဦး စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူ (၂၈၇၁)ဦးတို့၏ အမည်စာရင်းများကို ရပ်ကွက်၊ ကျေးရွာအလိုက် ထုတ်ပြန်ကြေညာထားကာ မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်မှုရှိရေး၊ အမှန်တကယ် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေးတို့ကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇယ်ဇောင်း(ပြန်/ဆက်)


