မင်းတပ်  ၂၇  ဇူလိုင်

 

မင်းတပ်မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်းပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ထောက်ပံ့ငွေပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဧရာထိုက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်း နိုင်ငံတော်အစိုးရကနေ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို ပေးအပ်တဲ့ ထောက်ပံ့ငွေကျပ် နှစ်သောင်းကို လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ လူစုလူဝေး မဖြစ်စေရေးအတွက် ရပ်ကွက် အလိုက် ရပ်/ကျေး စာရေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေကနေ အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား ပထမအကြိမ် အိမ်ထောင်စု (၂၂၇) စုနှင့် ဒုတိယအကြိမ်အဖြစ် အိမ်ထောင်စု (၁၆၄) စုအား ထောက်ပံ့ငွေကျပ် ၇၈၂၀၀၀၀ ကျပ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဆလိုင်းအောင်(ပြန်/ဆက်)