ဒိုက်ဦး ၂၇ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ခု လုပ်ငန်း ရာသီနှစ် တင်ဒါပိုက်ချက်များ (တတိယ) အကြိမ် အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပဲခူးခရိုင် လေလံတင်ရောင်းချရေးအဖွဲ့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်မှ လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး လေလံတင် ကြီးကြပ်ရေးကော်မတီဝင်များနှင့် ရောင်းချရေးအဖွဲ့ဝင်များ/ တင်ဒါငါးဖမ်းလုပ်ကိုင်သူများ လေလံဆွဲ ဝယ်သူများ တက်ရောက်ခဲ့ကြပြီး လေလံတင်ရောင်းချပွဲသို့ တက်ရောက်လာသူများအား ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများ စားသုံးပေး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခြင်း/ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများ ဝတ်ဆင်ဝင်ရောက်စေခြင်း/ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများမှ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
MDN


