နေပြည်တော်  ၂၇   ဇူလိုင် 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ယနေ့တွင် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ရှိ လီဆူဘုရားကျောင်း၊ နှစ်ခြင်းဘုရားကျောင်း၊ ကက်သလစ်ကျောင်း၊ ဆိုင်းဂျာဘုရားကျောင်း၊ ညောင်နှစ်ပင်စခန်းနှင့် ထန်းည စုစုပေါင်း IDP စခန်း (၆)ခုသို့ သွားရောက်၍ ထုံးအိတ် (၆၀)၊ ဆပ်ပြာ(၂၅၅၉)ခဲနှင့် ဗီနိုင်း(၆)ချပ်တို့အား သွားရောက်ထောက်ပံ့သည်။ အလားတူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အမျိုးသားကျောင်း၊ ကရုချောင်းကျောင်း၊ ဃောသိတာရုံကျောင်း၊ ဆည်ကြီးကျောင်း၊ ကျောက်တော် မြို့နယ်ရှိ ကန်စောက်ဘုန်း တော်ကြီးကျောင်း၊ တောင်မင်းကုလားဘုန်းတော်ကြီးကျောင်း၊ ဝါးတောင် တိုက်ပွဲရှောင်စခန်း၊ ညောင်ချောင်း ကျေးရွာဘုံမြေနေရာ၊ မြို့နယ်သာသနာ့ဗိမာန်၊ ခရစ်တော် အသင်းကျောင်း၏ ကျမ်းစာ ကျောင်း၊ မြို့မ အ.ထ.က စာသင်ကျောင်း၊ မဟာကံကြီးသျှင်ဘုရား၊ နေပူခံတိုက်ပွဲရှောင်စခန်း၊ ပြည်တော်သာရပ်ကွက် အ.ထ.ကကျောင်း၊ မြို့သစ်ရပ်ကွက် အ.မ.က(၃) စာသင်ကျောင်း၊ မြို့မရွှေကျောင်း၊ မင်းပြားမြို့နယ်ရှိ ကျွန်းတောရွှေဖောင်တောဘုန်းတော်ကြီးကျောင်း၊ ရွာသစ်ဘုန်းတော်ကြီးကျောင်း၊ နရမ်းရွာကြီး ဓမ္မာရုံ၊ နရမ်းအုပ်စုဘုန်းတော်ကြီးကျောင်း၊ ပုညရာမဘုန်းတော်ကြီးကျောင်း၊ သေကန်ဘုန်းတော်ကြီးကျောင်း၊ အမ်းသားဘုန်းတော်ကြီးကျောင်း၊ သူဌေးကုန်းဘုန်းတော်ကြီးကျောင်း၊ ပုလဲပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ အိုင်ဝန်းကျေးရွာ၊ ဓမ္မရတနာကျောင်းတိုက်၊ ကေသလာချောင်းဝကျေးရွာ၊ ဓညဝတီကျောင်းတိုက်၊ မြရတနာကျောင်း တိုက်၊ ရွှေကျန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဝါးတောင် ကျေးရွာ၊ အိုင်ဝန်းကျေးရွာ၊ ကေသလာ ချောင်းဝကျေးရွာ စုစုပေါင်း  ယာယီတိုက်ပွဲရှောင် နေရာ(၃၄)နေရာတို့ကို သွားရောက်၍ ဆပ်ပြာ (၁၄၈၈၁)တောင့်၊ ထုံးအိတ်(၃၃၀) တို့ကို သွားရောက် ထောက်ပံ့သည်။

အလားတူ ဇူလိုင် ၂၆ ရက်က  ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ သျှစ်သောင်းဘုန်းတော်ကြီးကျောင်း၊ မြတန်ဆောင်းဘုန်းတော်ကြီးကျောင်း၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်း၊ ဘုရားပေါ်ဘုရားသိမ်၊ အောင်စေတီဘုရားသိမ်၊ နရတ်စားဘုရားသိမ်၊ ကျောက်ရာဇ်ကေဘုန်းတော်ကြီးကျောင်း၊ မြို့သစ်ဘုန်းတော်ကြီးကျောင်း၊ ဒိုင်းဂျီဘုန်းတော်ကြီးကျောင်းသစ်၊ ဒိုင်းဂျီဘုန်းတော်ကြီး ကျောင်းဟောင်းနှင့် ကိုးနဝင်းဘုန်းတော်ကြီးကျောင်း စုစုပေါင်း ယာယီတိုက်ပွဲရှောင် နေရာ(၁၁)နေရာတို့တွင် ဆပ်ပြာတောင့် (၅၅၈၀)၊ ထုံးအိတ်(၁၁၀) တို့ကို သွားရောက်ထောက်ပံ့သည်။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင်  အသိပညာပေး လုပ်ငန်းများ၊    အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓာတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

(သတင်းစဉ်)