သံတောင်ကြီး    ၂၈   ဇူလိုင်    

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့ မှစတင်ကာ သံတောင်ကြီးမြို့ပေါ်ရပ်ကွက်ရှိ သတ်မှတ်နေရာများတွင် ကပ်ထား ကြေညာထားကြောင်း သိရသည်။

 

အဆိုပါ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့မှ စတင်၍ ဩဂုတ်လ ၇ ရက်နေ့အထိ သတ်မှတ် နေရာများတွင် (၁၄) ရက်ကြာ ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ကြေညာချက်ကို ပြည်သူများသိရှိနိုင်ရန်နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိ သူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်းများကို တိကျမှန်ကန် မှုရှိစေရေးနှင့် အထွေထွေရွေးကောက်ပွဲအား စံ(၅)ချက်နှင့် အောင်မြင်စွာ ကျင်းပနိုင်ရန်ဆောင်ရွက်လျက်ရှိသည်။

 

ထို့အပြင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များက အခြေခံမဲဆန္ဒရှင်စာရင်းတွင် ကျန်ရှိနေသော ပြည်သူများအနေဖြင့် အမည်မပါလျှင် ပုံစံ(၃)ဖြင့်လည်းကောင်း၊ အချက်အလက် မှားယွင်းနေပါက ပုံစံ ၄(ဂ)ဖြင့်လည်ကောင်း အချိန်မီ ဖြည့်စွက်လျှောက်ထားနိုင်ကြောင်းနှင့်  ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သံတောင်ကြီးမြို့ ရပ်ကွက် (၅) ခုတွင် မဲရုံ (၆) ရုံ၊ မဲဆန္ဒရှင် (၆၂၃၇) ဦးနှင့် သံတောင်မြို့ ရပ်ကွက်(၄)ခုတွင် မဲရုံ(၈) ရုံ၊ မဲဆန္ဒရှင်(၅၆၄၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစောတီမသေထံ က သိရှိရသည်။

 

မြို့နယ် (ပြန်/ဆက်)