ရှမ်းရွာသစ် ၂၈ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ မဲသမူးကျေးရွာအုပ်စုတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား အိမ်ထောင်စုများအား ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပေးသောထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မဲသမူးကျေးရွာအုပ်စု၊ မောခီးကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပေးအပ်သည်။
မဲသမူးကျေးရွာအုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၈၂ စုအတွက် တစ်စုလျှင် ငွေကျပ် ၂၀ဝ၀ဝ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၅,၆၄၀,ဝ၀ဝ ကို ရှမ်းရွာသစ်မြို့ အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူတို့က မိသားစုများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)


