ညောင်ဦး  ၂၈  ဇူလိုင်  

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုပေါင်း တည်ရှိရာ ဒေသကြီး ၅ ခုတွင် ဆောင်ရွက်မည့် အမှိုက်ခွဲခြားမှုစနစ် စတင်ဆောင်ရွက်ခြင်းအား ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီခွဲက ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်အတွင်းရှိ ကျန်ရှိနေရာ နှစ်နေရာတွင် ပြုလုပ်ခဲ့ကြောင်း  ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံမှ သိရသည်။

 

အဆိုပါ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များစု ပေါင်းတည်ရှိရာ ဒေသကြီး ၅ ခုတွင် ကျန်ရှိ နေရာအား စတင်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ASEAN SDGs အစီအစဉ်အရ JAIF ၏ ပံ့ပိုး ကူညီမှုဖြင့် IGES မှ ပညာရှင်များ၏ နည်းပညာမူဘောင်အရ စစ်တမ်းကောက်ယူသော စီမံကိန်းကို ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ စုပေါင်းတည်ရှိရာ ဒေသကြီး ၅ ခုတွင် ဆောင်ရွက်မည့် အစီအစဉ်အား စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အမှိုက်ခွဲခြားစွန့်ပစ်ခြင်းစနစ်ကို ဒေသခံပြည်သူများကိုယ်တိုင် ကျင့်သုံးစေရန် လေ့ကျင့်ဆောင်ရွက် ခြင်းနှင့် အချက်အလက်များ စနစ်တကျကောက်ယူခြင်းကို စတင်အကောင်အထည်ဖော် ဆောင်ရန်အတွက် ပူပေါင်းပါဝင်ဆောင်ရွက်ကြမည့် ဒေသခံစေတနာရှင်များ၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းပါဝင်ပြီး လုပ်ငန်းဒေသကြီး ၅ ခုတွင် စတင် လုပ်ဆောင်နေသည့် ဗဟိုချက်နေရာ ၂ ခုစီခွဲကာ ဆိုင်းဘုတ် ၁၀ ခု စိုက်ထူခဲ့ပြီဖြစ်ကြောင်း သိရသည်။ 

 

အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသကြီး ၅ ခုတွင် ဝက်ကြီးအင်းရပ်၊ တောင်ဘီကျေးရွာ၊ မြင်းကပါကျေးရွာ၊ သူဌေးကန်ကျေးရွာနှင့် မင်းနန်သူကျေးရွာတို့တွင် စတင်အကောင်အထည်ဖော် လျက်ရှိရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက တာဝန်ယူကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ဒါရိုက်တာ များဖြစ်ကြသည့် ပုဂံရှေးဟာင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး)၊ ညောင်ဦးမြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးတင်မြင့်(ဒုတိယညွှန်ကြားရေးမှူး)၊ ပုဂံပလပ်စတစ်ကမ်းပိန်းအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဆွေတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)