ပန်းတနော်   ၂၈  ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝမြစ်ချောင်းရေပြင်များအတွင်း ငါးသယံဇာတများ မျိုးပြုန်းပျောက်ကွယ်မှု မရှိစေရေး၊ စဉ်ဆက်မပြတ် ငါးဖမ်းဆီးထုတ်လုပ် နိုင်ရေးအတွက် ငါးမျိုးများစိုက်ထည့်ခြင်းကို ပန်းတနော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနက ယနေ့ နံနက် ၈ နာရီတွင် မင်းဆယ်ကျေးရွာအုပ်စု၊ ဗောဓိရေတံခါးအတွင်းသို့ ငါးသားပေါက်ကောင်ရေ  နှစ်သိန်း စိုက်ထည့် ပေးခဲ့သည်။

 

အဆိုပါ ငါးမျိုးများ စိုက်ထည့်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမင်းအောင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးဇော်မင်းဦး၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရေလုပ်သားများက ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ တစ်သိန်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ခုနှစ်သောင်း၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ သုံးသောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ နှစ်သိန်းတို့အား ဗောဓိရေတံခါးအတွင်းသို့ ငါးမျိုးများ စိုက်ထည့် ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ ဆက်)