ဆဒုံး  ၂၈  ဇူလိုင်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့တွင် ၂၀၂၀ ပြည်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်  မဲဆန္ဒရှင် (၃၆၆၅)ဦး၏ အမည်စာရင်းများကို ဇူလိုင် ၂၅ ရက်နေ့ နံနက် (၉) နာရီမှစ၍ ရပ်ကွက်၊ ကျေးရွာအလိုက် ကပ်ထားကြေညာထားကြောင်း သိရသည်။

 

အဆိုပါ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆဒုံးမြို့၌ မဲရုံပေါင်း (၅)ရုံရှိပြီး မဲပေးပိုင်ခွင့်ရှိသူ ကျား (၁၁၇၂)ဦး၊ မ( ၂၄၉၃)ဦး၊ စုစုပေါင်းမဲပေးပိုင်ခွင့်ရှိသူ (၃၆၆၅)ဦးတို့၏ ရပ်ကွက်၊ ကျေးရွာအလိုက် ကပ်ထားကြေညာမှုကို မဲဆန္ဒရှင်အမည်စာရင်း မှန်ကန်မှုရှိရေး၊ အမှန်တကယ် မဲပေးပိုင်ခွင့် ရှိသူများ မကျန်ရှိစေရေး မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကျော်နိုင်ဌေး (ပြန်/ဆက်)