ဒဂုံ(အရှေ့) ၂၈ ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက ပျံကျ ဈေးရောင်းချနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပျံကျဈေးရှိ ရောင်းချနေသော ဈေးရောင်းသူများအား ပါးစပ်၊ နှာခေါင်းစည်း (Mask) တပ်ဆင်ရောင်းချစေရေးနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ စည်းမျဉ်း စည်းကမ်းများကို လိုက်နာဆောင်ရွက်မှု အခြေအနေနှင့် မလိုက်နာသည့် ဈေးသည်များအား စည်းကမ်းထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများ၊ ဈေးအတွင်း သန့်ရှင်းရေးဆောင်ရွက်ထားမှု အခြေအနေများကို မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)


