နေပြည်တော် ၂၈ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ဇူလိုင် ၂၇ ရက်က ကလေး ၁ ဦး မီးခြစ်ယူဆော့ရာမှ မီးလောင် သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်လုံးကြီး ကျေးရွာနေသူ ကလေးတစ်ဦးအား ဦးခေါင်း၊ ကျောပြင်တို့တွင် မီးလောင်ဒဏ်ရာများဖြင့် ၎င်းနေအိမ်ခေါင်းရင်း၌ လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း၊ ည ၈ နာရီတွင် မိခင်ဖြစ်သူမှ သားဖြစ်သူအား နေအိမ်၌ တစ်ဦးတည်းထားရှိခဲ့ပြီး ဈေးဝယ်သွားစဉ် မီးခြစ်အား ယူဆော့ရာမှ အိမ်တွင်ကာရံထားသော အင်ဖက်ထရံများအား မီးစွဲလောင်၍ မီးကူးစက်လောင်ကျွမ်း သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
(ရဲပြန်ကြား)