နေပြည်တော် ၂၈ ဇူလိုင်

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဝှေခါကျေးရွာ ရတနာမြေတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုကြောင့် အသက်ဘေးကြုံတွေ့ခဲ့ရသူများ၏ ကျန်ရစ်သော မိသားစုဝင်များကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိခိုက်လွယ်အုပ်စုဝင် မိသားစုဝင်များ (ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ)အတွက် ပံ့ပိုးကူညီရာတွင် အသုံးပြုနိုင်ရန် တီမောလက်စတေ နိုင်ငံအစိုးရနှင့် ပြည်သူပြည်သားများ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ်(၂၅)သိန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံနှင့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်