နေပြည်တော် ၂၈ ဇူလိုင်

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်(ဟံသာဝတီဦးအုန်းကြိုင်) ဦးဆောင်သည့် အဖွဲ့နှင့် MPRL E&P Group of Companies မှ Executive Director ဦးတင့်ဆွေ ဦးဆောင်သည့်အဖွဲ့တို့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံစဉ် မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ မီဒီယာများ ရေရှည်ရပ်တည်နိုင်ရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မီဒီယာစင်တာဖွင့်လှစ်နိုင်ရေး၊ သတင်းမီဒီယာနည်းဥပဒေ ပြင်ဆင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ MPRL E&P Group of Companies နှင့် တွေ့ဆုံစဉ် e-Government စနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် Colocation Service ရယူနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးကြသည်။

 

သတင်းစဉ်