နတ်မောက်  ၂၉  ဇူလိုင် 

           

နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများကို ယမန်နေ့ နံနက် ၁၀ နာရီက ကုလားရှင်၊ ဘုန်းတော်ပြည့်ကျေးရွာများသို့ သွားရောက်၍  အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

 

ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အကြောင်း သိကောင်းစရာများဖြစ်သည့် အဆင့်(၅)ဆင့်ပါ အကြောင်းအရာများကို အသံချဲ့စက်ဖြင့် ကြော်ငြာခြင်း၊ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အတွင်း မိမိရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ မဲပေးနိုင်ဖို့အတွက် သင့်နာမည်ဟာ မဲဆန္ဒရှင် စာရင်းတွင် ပါဝင်ရပါမယ်။ သင့်အမည်ပါ မပါစစ်ဆေးပါ၊ မဲစာရင်းတွင် သင့်အမည်ပါဝင်ပါသလား၊ သင်ဒါတွေ သိပြီး ပြီလား၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ စသည့် သိကောင်းစရာများကို နံရံကပ် ဘုတ်များပြုလုပ်၍ ပြသခြင်းနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ဝေသော လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နံရံကပ် စာစောင်များနှင့် ရုပ်ရှင်ဂီတ အနုပညာရှင်များ၏ ကျန်းမာရေးအသိပညာပေး ပိုစတာမျာအား နံရံကပ် ဘုတ်များ ပြုလုပ်၍  ပြသခဲ့ကြောင်း သိရသည်။

 

နတ်မောက် ပြန်/ဆက်