လဟယ် ၂၉ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် လောနောက်ကုန်းကျေးရွာနှင့် လောနောက် အင်းကျေးရွာ တောင်ယာပြောင်းစိုက်ခင်းတွင် ပြောင်းဖျက်ပိုးကျရောက်နေကြောင်း ကျေးရွာမှ ဇူလိုင် ၂၅ ရက်က သတင်းပေးပို့လာသဖြင့် လဟယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ရုံး၀န်ထမ်းများသည် အဆိုပါ ကျေးရွာသို့ ကွင်းဆင်း စစ်ဆေးခဲ့ရာ ရိုးရိုးပြောင်းဖူးစားပိုး၊ ခူယားခေါ်ရွက်စားပိုးနှင့် FAW ငမြှောင်တောင်ပိုး ကျရောက်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးကျရောက်သည်မှာ ချောင်းစပ်နားရှိပြောင်းခင်းနှင့် အပူပိုင်းကျရောက်သည့်နေရာများတွင် နေရာ ကွက်ကျားပိုး ကျရောက်ခြင်းဖြစ်ပြီး ပြောင်းဖူးတစ်ဖူးလျှင် ပိုးကောင် နှစ်ကောင်နှင့်အထက် တွေ့ရှိကြောင်း၊ ပြောင်းဖူးများ ရင့်နေအချိန်ဖြစ်၍ စိုးရိမ်စရာမရှိကြောင်း၊ physical control နည်းလမ်းများဖြင့် ကာကွယ်နှိမ်နင်းရန် တောင်သူများအား အသိပညာပေးခဲ့ကြောင်း လဟယ်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းလင်းထံမှ သိရသည်။
ရှားဆက်(ပြန်/ဆက်)


