၂၉ ဇူလိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ ရဲဌာနတစ်ခုတွင် ယနေ့မနက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် လေးဦး အပါအဝင် ငါးဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် ယမန်နေ့ညပိုင်းက ဖမ်းဆီးခဲ့သော အကြမ်းဖက်သမား သုံးဦးထံမှ သိမ်းဆည်းရမိသော လက်လုပ်ဗုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဒါကာမြို့တော်ရဲတပ်ဖွဲ့ ဒုတိယရဲမင်းကြီး ဝီလစ် ဟော့စိန်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ထိုဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဒါကာမြို့တော်ရှိ ပါလာဘီ ရဲဌာနသည် လူစည်ကားရာ နေရာတွင် တည်ရှိပြီး မနက် ၇ နာရီခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် အထိတ်တလန့် ဖြစ်စေခဲ့သည်။
ယင်းဒဏ်ရာရသူ အားလုံးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်းနှင့် ထိုပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပေါက်ကွဲမှုနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို မသိရှိရသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို