နေပြည်တော် ၂၉ ဇူလိုင်
ဒစ်ဂျစ်တယ်ပရိသတ်များပါဝင်ရန် ဈေးကွက်မဟာဗျူဟာဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇူလိုင် ၂၈ ရက်က နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အဆိုပါဆွေးနွေးပွဲကို အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်အဖွဲ့အစည်း (Asia Pacific Broad-casting Union-ABU)က စီစဉ်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးပွဲ၌ မလေးရှားနိုင်ငံမှ ABU Media Academy အကြီးအကဲ Mr. Steve Ahern က ဒီဂျစ်တယ် ဈေးကွက်အား မည်သို့အောင်မြင်အောင် လုပ်ဆောင်မည်၊ Free to air radio/TV ရုပ်သံထုတ်လွှင့်မှု Platform များတွင် ပရိသတ်များ တိုးမြှင့်အောင်ဆောင်ရွက်ရန် လိုအပ်မှု၊ Online ပေါ်မှ ကြည့်ရှုသူတွေများလာအောင် လုပ်ဆောင်ရန်လိုအပ်မှုနှင့် အွန်လိုင်းနည်းပညာသစ်များအား တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်မှု၊ မိမိတို့လုပ်ဆောင်သည့် အွန်လိုင်းအစီအစဉ်ကို အွန်လိုင်းပရိသတ်များ ပိုမိုကြိုက်နှစ်သက်အောင် လုပ်ဆောင်ရန်လိုအပ်မှုနှင့် အွန်လိုင်းကြည့်ရှုသူပရိသတ်များ များပြားလာခြင်းဖြင့် ကြော်ငြာအခွန်အခများ ပိုမိုရရှိလာနိုင်မှုတို့ကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
သတင်းစဉ်


