ပဲခူး ၃၀ ဇူလိုင်
သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီခွဲက ပဲခူးတိုင်းဒေသကြီး သနပ်ပင်မြို့နယ် သနပ်ပင်ငါးလုပ်ငန်းစခန်းတွင် ကျင်းပပြုလုပ်သည်။
ငါးသားပေါက်များ ပေးအပ်ရာတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်မှ COVID-19 Economic Relief Plan ပါ Action Plan အရ သနပ်ပင်မြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဝင်းမြင့်နှင့် တာဝန်ရှိသူများက သနပ်ပင်မြို့နယ် အတွင်းရှိ ငါးမွေးတောင်သူ (၂၀)ဦး၏ ငါးမွေးဧရိယာဧက (၂၅၀)အတွက် ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)