မိုးညို   ၃၀  ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်လာပြီဖြစ်သည့်အတွက် ဧရာဝတီ မြစ်ကမ်းပါးတစ်လျှောက်နေထိုင်သည့် ကျေးလက်နေပြည်သူများအား ရေဘေးအန္တရာယ်ကြုံတွေ့လာပါက သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေးလှုံ့ဆော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ရာတွင် စပါယ်မျှောင်အုပ်စုအတွင်းရှိ စိန်တိုင်ကျေးရွာနေ ပြည်သူများအား ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရေကြီးခြင်းဖြစ်ပေါ်လာချိန်တွင် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားရမည့် အချက်များကို ပြည်သူများသိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ Hand Speaker များဖြင့် လှုံ့ဆော်ပေးခြင်းများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကိုမင်း(မိုးညို)