ဘောလခဲ ၃၀  ဇူလိုင်

 

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်တွင် မိုးမမှန်ခြင်း၊ ရာသီဥတုဖောက်ပြန်မှုများကြောင့် တောင်သူများ စိုက်ပျိုးထားသည့်နှမ်းခင်းများ ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့နေရကြောင်း သိရသည်။

 

ဘောလခဲမြို့နယ်တွင် ယမန်နေ့ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွန်ချောင်းအရှေ့ဘက်ကမ်း ဘောလခဲ-မိုင်းထမ်း-ရွာသစ် ကားလမ်းဘေးရှိ နှမ်းခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး တောင်ကျချောင်းရေများကြောင့် မော်တော်ယာဉ်များ အသွားအလာခက်ခဲများဖြင့် ကြုံတွေ့ခဲ့ရသည်။

 

ထို့ပြင် ဘောလခဲမြို့နယ်ရှိ ဒေသအချို့တွင် မိုးရေမရရှိသော နှမ်းခင်းများမှာ အပင်သေဆုံးခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံတောင်သူ ဦးမီရယ်ထံမှ သိရသည်။

 

လှရွှေ