မင်းလှ ၃၁ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ သခွတ်ရင်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၌ သောက်သုံးရေ ဖူလုံစေရေး Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မြေသားမိုးရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ တဲကြီးကုန်းကျေးရွာ မြေသားမိုးရေ လှောင်ကန်အလျား ၁၀၀ ပေ၊ အနံ ၁၀၀ ပေ၊ အနက် ၅ ပေ တူးဖော်ခြင်းလုပ်ငန်းကို Cash for Work စီမံကိန်းမှ ကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ကာ COVID-19 ကာလအတွင်း လူမှုစီးပွား ဘဝထိခိုက်ဆုံးရှုံးမှုများအား လျော့နည်း သက်သာစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရေး လုပ်အားခ ချက်ချင်းပေးချေသည့် စနစ်ဖြင့်ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ မြေသားရေလှောင်ကန် တူးဖော်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၄၃၊ လူဦးရေ ၁၄၉ ဦးတို့အတွက် နွေရာသီကာလသောက်သုံးရေ ဖူလုံစွာရရှိနိုင်မည်ဖြစ်ကြောင်း မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ ကပြောပြ၍ သိရသည်။
ငြိမ်းသူ(စလင်း)