၃၁ ဇူလိုင်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံရုံး၊ ဖနောင်ပင်မြို့နှင့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (Myanmar Airways International) တို့ပူးပေါင်းပြီး ကမ္ဘောဒီးယားနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေပြီး ကပ်ရောဂါကာလတွင်း အခြေအနေများကြောင့် ဆက်လက်နေထိုင်ရန် အခက်အခဲရှိသည့် မြန်မာနိုင်ငံသားများအား ဒုတိယအကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ်၊ ပျံသန်းအမှတ် 8M 1106 ဖြင့် ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်တွင် ဖနောင်ပင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ MAI ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ပေါ်တွင် မြန်မာနိုင်ငံသား (၆၅) ဦးနှင့် အရေးပေါ်တာဝန်/ကိစ္စဖြင့် သွားရောက်မည့် နိုင်ငံခြားသား (၅) ဦး၊ စုစုပေါင်း (၇၀) ဦးတို့ လိုက်ပါ သွားခဲ့ရာ မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် သံရုံးဝန်ထမ်းများမှ ဖနောင်ပင်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သွားရောက်၍ လိုအပ်သည်များ ချိတ်ဆက်ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
credit#နိုင်ငံခြားရေးဝန်ကြီးဌာန
