ကျောင်းကုန်း  ၃၁  ဇူလိုင် 

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် မိုင်တိုင်အမှတ် ၇၂/၅ မှ ၇၃/၀ အတွင်း လမ်းအကျယ် မူလ(၂၂)ပေအား တစ်ဖက်လျှင်(၆)ပေစီ တိုးချဲ့၍ စုစုပေါင်းလမ်းအကျယ်(၃၄)ပေ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မူလလမ်းအား ကတ္တရာထပ်ပိုးလွှာ(၄)လက်မ ခင်းခြင်းလုပ်ငန်းတို့ကို လမ်းဦးစီးဌာနမှ အထွေထွေ တင်ဒါပိုလျှံငွေကျပ် ၉၉.၆၅ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့  မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း တို့က ကြည့်ရှုရာ လမ်းဦးစီးဌာန တာဝန်ခံအင်ဂျင်နီယာ ဦးကျော်ဝင်းက ယနေ့နံနက်ပိုင်းက ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)