တာချီလိတ် ၃၁ ဇူလိုင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှ ကျိုင်းတုံ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရပြီး ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်လာသူ ထိုင်းနိုင်ငံသားနှစ်ဦးအား မြန်မာ တာဝန်ရှိပုဂ္ဂိုလ်များမှ ထိုင်းနိုင်ငံတာဝန်ရှိပုဂ္ဂိုလ်များထံသို့ ယနေ့ မွန်းလွဲပိုင်းက စနစ်တစ်ကျ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထိုင်းနိုင်ငံသား နှစ်ဦးတို့သည် ၂၀၁၉ ခုနှစ်က ပုဒ်ပ ၁၄၄ အရ ညမထွက်ရအမိန့်ဖြင့် ဖမ်းဆီးခံ ရပြီး ကျိုင်းတုံအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရာမှ အကျဉ်းထောင်လျှော့ရက် စည်းမျဉ်းအရ ပြစ်ဒဏ်စေ့ကာ ပြန်လည်လွတ်မြောက်လာသူများဖြစ်ကြောင်း သိရသည်။
ပြစ်ဒဏ်စေ့၍ ပြန်လည်လွတ်မြောက်လာသော ထိုင်းနိုင်ငံသားနှစ်ဦးကို နှစ်နိုင်ငံ ပြည်နှင်လွဲပြောင်းပေးရေး စည်းမျဉ်းနှင့်အညီ မြန်မာဘက်မှ တာဝန်ရှိပုဂ္ဂိုလ်များက ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များထံသို့ စနစ်တကျ ပြန်လည်လွဲပြောင်းပေးခဲ့ရာ ထိုင်းနိုင်ငံတာဝန်ခံအရာရှိ Meathee Phason နှင့် ကျန်းမာရေး တာဝန်ခံအရာရှိ Priawp Urin Manopeaw ဦးဆောင်သောအဖွဲ့က ပြန်လည်လက်ခံခဲ့ကြကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)