တောင်ကြီး ၃၁ ဇူလိုင်

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်အတွင်းရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲစာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေများကို ယမန်နေ့က ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးထင်ကျော် နှင့် အဖွဲ့ခွဲဝင်များက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

 

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ် နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက တောင်ကြီး မြို့ပေါ်ရပ်ကွက်များ၊ အေးသာယာမြို့၊ ရွှေညောင်မြို့ နှင့် တောင်ကြီးမြို့နယ်တို့မှ ကျေးရွာများရှိ မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ကပ်ထားကြေညာ ထားရှိမှုအခြေအနေ၊ မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ထားသည့်ပုံစံအတိုင်း စနစ်တကျ ရေးသွင်း ဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

 

တောင်ကြီးမြို့နယ်တွင် လျာထား မဲရုံပေါင်း ၂၄၄ ရုံ ရှိပြီး မဲဆန္ဒရှင်အမျိုးသား ၁၄၃၇၈၉ ဦး၊ အမျိုးသမီး ၁၅၇၅၀၂ ဦး၊ စုစုပေါင်း မဲပေးသူ (မဲဆန္ဒရှင်) လူဦးရေ ၃၀၁၂၉၁ ဦးရှိကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)