ရိခေါ်ဒါရ်  ၁   သြဂုတ်

 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ယနေ့နံနက် ၅ နာရီခန့်က မိုးသည်းထန်းစွာရွာသွန်းပြီး တောင်ကမ်းပါးမြေပြိုကျမှု ကြောင့် အမှတ်(၂) ရပ်ကွက်ရှိ လူနေအိမ်တစ်လုံး ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါနေအိမ်သည် ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဦးလာလ်နယ်လိန်း၏ အလျား ၁၈ ပေ၊ အနံ ၁၂ ပေရှိ ပျဉ်ခင်း၊ အုတ်ကြွပ်ပြားကာ၊ သွပ်မိုး အမျိုးအစားနေအိမ်ဖြစ်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်အနောက်ဘက်ရှိ တောင်ကမ်းပါးအမြင့် ၁၈ ပေခန့်ပေါ်မှ မြေပြိုကျ၍ နေအိမ်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြေပြိုကျမှုကြောင့် ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ ပူးပေါင်းပြီး အရေးပေါ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါနေအိမ်မှ မိသားစုဝင် ၃ ဦးအား ဦးဗိုင်းလျန်ဆုန်း၏ နေအိမ်၌ ယာယီပြောင်းရွှေ့ပေးထားပြီး ရိခေါ်ဒါရ်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ဌာနဆိုင်ရာများမှ ငွေကျပ် တစ်သိန်းထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

(ရိခေါ်ဒါရ် ပြန်/ဆက်)