မိုင်းယောင်း  ၁  သြဂုတ်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းယုမြို့တွင် ကော်ဖီပျိုးပင်များကို တောင်သူများထံသို့ အခမဲ့ဖြန့်ဝေပေး လျက်ရှိကြောင်း မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ  သိရသည်။

 

ထိုသို့ ကော်ဖီပျိုးပင်များ ဖြန့်ဝေရာတွင် မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းဦးကျော်က တောင်သူများအား စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြောခဲ့သည်။

 

မိုင်းယုမြို့အတွင်း နေထိုင်ကြသော ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရာသီဥတုနှင့် ကိုက်ညီသော စက်မှုကုန်ကြမ်းသီးနှံ ကော်ဖီပျိုးပင်များကို တောင်သူများထံ အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)