မြစ်ကြီးနား  ၁  ဩဂုတ်

 

မြစ်ကြီးနားမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားမှုကို ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိ ကြောင်း သိရသည်။

 

အဆိုပါ ပထမအကြိမ် မဲစာရင်းများကပ်ထားမှုကို ပြည်သူများလာရောက်ကြည့်ရှုနိုင်ရန် ရပ်ကွက်၊ ကျေးရွာ အသီးသီးမှ တာဝန်ရှိသူများက အသံချဲ့စက်များဖြင့် ကြေညာပေးခြင်း၊ အသက် (၁၈)နှစ်ပြည့်ပြီး မဲစာရင်းတွင် မပါဝင်သူများ၊ မဲစာရင်းတွင် အချက်အလက် မှားယွင်းနေသူများအနေဖြင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံ များတွင် သတ်မှက်ပုံစံများတောင်းယူ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။

 

မြစ်ကြီးနားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ကျား ၁၀၇၉၅၁ ဦး၊ မ ၁၁၉၉၉၁ ဦး စုစုပေါင်း ၂၂၇၉၄၂ ဦးရှိပြီး မဲရုံပေါင်း ၁၃၃ ရုံဖွင့်လှစ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

 

စိန်ဝင်း(ပြန်/ဆက်)