ရန်ကုန် ဩဂုတ်        

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ သွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ လူသွားစင်္ကြံ (Platform) ပြုလုပ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက် နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ကြည့်ရှုစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ က္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်၊ (က+ခ)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အရှေ့ဘက်ခြမ်းတွင် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက်နေသော လူသွားစင်္ကြံ (Platform) ပြုလုပ်ဆောင်ရွက်နေသော လုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)