ကမမောင်း  ၁  ဩဂုတ်

 

ကရင်ပြည်နယ် ဘားအံမြို့နှင့် ဖာပွန်ခရိုင်ကို ဆက်သွယ်ပေးထားသော ဖာပွန်-ကမမောင်း-ဝါးဘိုးတောလမ်းပိုင်းရှိ ကညင်ဒုံတံတား တည်ဆောက်ပြီးစီးပြီဖြစ်သဖြင့် ယနေ့မှစတင်ကာ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ ခွင့်ပြုကြောင်း သိရသည်။

 

အဆိုပါ ကညင်ဒုံတံတားမှာ အရှည် ပေ(၁၈၀) ရှိပြီး တံတားအကျယ် ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းတစ်ဖက်လျှင် ၃ ပေစီ စုစုပေါင်း ယာဉ်သွားလမ်းအကျယ် ပေ (၃၀)ရှိကာ တံတားခံနိုင်ဝန် တန် ၆၀ ဖြစ်ကြောင်း တံတားအထူးအဖွဲ့(၁၄)မှ သိရသည်။

 

အဆိုပါတံတားသည် သံကူကွန်ကရစ်ကြမ်းခင်းနှင့် လက်ရန်းအမျိုးအစားဖြစ်ပြီး တံတားကိုယ်ထည်မှာ သံကူကွန်ကရစ် ကမ်းကပ်ခုံအမျိုးအစားဖြစ်ကာ အုတ်မြစ်မှာ Caisson Well Foundation ဖြစ်ကြောင်း သိရသည်။

 

အဆိုပါတံတားကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားအထူးအဖွဲ့(၁၄) မှ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လင်းသန့်(ပြန်/ဆက်)