ရန်ကုန်   ၁  ဩဂုတ်  

 

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက် ၁၀ နာရီတွင် ဗဟန်းမြို့နယ်ရှိ ဖိုသိုလစ်သိုပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံလည်ပတ်မှု အခြေအနေများကို တွေ့ဆုံညှိနှိုင်းဆွေးနွေးခဲ့သည်။

 

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ်က စက်ရုံ၏ အခြေအနေများ၊ ဆောင်ရွက်ထားမှုအခြေအနေများ၊ ရှေ့ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို အကျယ်တဝင့် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ စက်ရုံအတွင်း ဆောင်ရွက်ထားမှုအခြေအနေ၊ စက်ပစ္စည်းများ ဆောင်ရွက်ထားမှုအခြေအနေ၊ လုပ်ငန်းများဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

အောင်မြင့် (ပြန်/ဆက်)