ချင်းရွှေဟော်  ၁  ဩဂုတ်

 

ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေရပ်ပြန်ပြည်သူများ ဝင်ရောက်လျက်ရှိရာ ဇူလိုင်  ၃၁ ရက် ညနေ ၆ နာရီက (၂၄)ဉီးနှင့်   ယနေ့  မွန်းလွဲ ၃ နာရီက (၅)ဉီး စုစုပေါင်း (၂၉)ဉီး ထပ်မံဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၂၉)ဉီးတို့မှာ အမျိုးသား (၁၁)ဉီး၊ အမျိုးသမီး (၁၈)ဉီးတို့ဖြစ်ပြီး   ကန့်ဘလူမြို့နယ်မှ (၅)ဉီးနှင့် နမ္မတူမြို့နယ်မှ (၂)ဉီး၊ ကွမ်းလုံမြို့နယ်မှ (၁)ဉီး၊ လောက်ကိုင်မြို့နယ်မှ (၁၂)ဉီး၊  ဟိုပန်မြို့နယ်မှ (၃)ဉီး၊ ကုန်းကြမ်းမြို့နယ်မှ (၄)ဉီးနှင့် ပန်လုံမြို့နယ်မှ (၂)ဉီးတို့ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့်  ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ  ဧပြီ ၃၀ ရက်မှ ယနေ့အထိ အမျိုးသား (၇၇၄၀)ဉီးနှင့် အမျိုးသမီး (၆၂၃၀)ဉီး စုစုပေါင်း  နေရပ်ပြန်ပြည်သူ (၁၃၉၇၀)ဉီးကို  လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)