ညောင်ရွှေ  ၁  ဩဂုတ်

 

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၃၄ ဦးသည် ယနေ့ နံနက် ၁၁ နာရီက ညောင်ရွှေမြို့သို့ ရောက်ရှိခဲ့ပြီး သက်မွေးပညာသင်တန်းကျောင်း၌ Facility Quarantine ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတလူငယ်များက သတ်မှတ်အဆောင် အသီးသီး၌ နေရာချထားခြင်း၊ ကျန်းမာ‌ရေးဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူများသည် မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် ညောင်ရွှေမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၂၀ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ ၁၄ ဦး စုစုပေါင်း ၃၄ ဦးဖြစ်ကြောင်း သိရသည်။

(နေမျိုးသူရိန်)