နေပြည်တော် ၁ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ဇူလိုင် ၃၀ ရက် ညနေ ၃ နာရီက ဧရာဝတီမြစ်ရေမြင့်တက်ပြီး ရေဝင်ရောက်မှုကြောင့် ငွေတော်ကျီကုန်းရပ်ကွက်ပါ ၄ ရပ်ကွက် တို့မှ အိမ်ထောင်စု ၇၈၅ စု၊ လူဦးရေ ၃၀၈၁ ဦးတို့မှာ ရေလွတ်ရာ မုံရွေးဘုန်းကြီးကျောင်းအနီးနှင့် ၇၄(A)အနီးရှိ မြေကွက်လပ်သို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲပြန်ကြား