ကောလင်း ၂ သြဂုတ်

 

စစ်ကိုင်းတိုင်ဒေသကြီး၊ အင်းတော်မြို့နယ် ရွှေဘို-မြစ်ကြီးနားသွားသည့် ကားလမ်းဘေးတစ်လျှောက် မဲဇာ၊ နမ့်တဲ၊ နောင်မိုး၊ သံဘိုနတ်မဟုတ်ကြီး၊ လယ်ပြင် စသည့် ကျေးရွာတို့တွင် နာနတ်သီးပင်များကို အများအပြားစိုက်ပျိုးကြပြီး နှစ်စဉ် သီးနှံလှိုင်လှိုင်ပေါ်ချိန်တွင် ပုံမှန်ဝင်ငွေများရရှိသည့်အတွက် စိုက်ပျိုးသူများလည်း အဆင်ပြေကြကာ ကောလင်းစျေးကွက်သို့ နာနတ်သီးများပေါ်ချိန် ကားများ၊ သုံးဘီးဆိုင်ကယ်များပေါ်တင်ကာ ရွေ့လျားရောင်းချခြင်းဖြင့် ပုံမှန်ဝင်ငွေရရှိနေ၍  တစ်ဆင့်ပြန်လည်ရောင်းချသူများ အနေဖြင့် အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

ကောလင်းစျေးကွက်တွင် နာနတ်သီးရောင်းချသူများအနေဖြင့် ကျေးလက်ဒေသမှ တောင်သူလယ်သမားများအား အဓိကရောင်းချကြရပြီး တောင်သူလယ်သမားများ ဘဏ်ချေးငွေ ထုတ်ချေးပေးအပြန် လက်ဆောင်ဝယ်ယူခြင်းနှင့် ပျိုးနုတ်၊ ကိုက်စိုက်ကြရာတွင် ဧည့်ခံကျွေးမွေးကြတာကြောင့် နာနတ်သီးအကြီးတစ်လုံးလျှင် ကျပ် ၈၀၀၊ အလတ်တစ်လုံးလျှင် ကျပ် ၆၀၀၊ အသေးတစ်လုံးလျှင် ကျပ် ၅၀၀ ဖြင့် ရောင်းချလျက်ရှိကြောင်း နာနတ်သီးရောင်းချသူများထံမှ သိရသည်။

 

နှစ်စဥ် နာနတ်သီးပေါ်ချိန်တွင် ကောလင်းမြို့မ နာနတ်သီးအရောင်းအဝယ် လုပ်ကိုင်သူများသည် အင်းတော်မြို့နယ်၊ မဲဇာဒေသရှိ နာနတ်သီးစိုက်ခင်းများသို့ သွားရောက်၍ အကြီးတစ်လုံးလျှင် ၅၀၀ ကျပ်၊ အလတ်တစ်လုံးလျှင် ၄၀၀ ကျပ်၊ အသေးတစ်လုံးလျှင် ၃၀၀ ကျပ်ဖြင့် အလုံးပြတ် ဝယ်ယူရောင်းချကြကြောင်း သိရသည်။

 

မြင့်ထွန်းမင်း(ကောလင်း)

 

mdn